Rule & Regulation

‌ရွေးချယ်တင်‌မြှောက်‌ရေး‌ကော်မရှင်ဖွဲ့စည်းခြင်းနှင့်တာဝန်များ

(က) ဗဟိုအလုပ်မှု‌ဆောင်များ ‌ရွေးချယ်တင်‌မြှောက်နိုင်ရန်အတွက် အ‌ရွေးချယ်ခံရန် အမည် စာရင်းတင်သွင်းခြင်းမပြု‌သော ကိုယ်စားလှယ် အနည်းဆုံး အဖွဲ့ဝင်(၇)ဦးပါဝင်‌သော ‌ရွေးချယ်တင်‌မြှောက်‌ရေး ‌ကော်မရှင်ကို ဖွဲ့စည်းရမည်။

(ခ) သဘာပတိအဖွဲ့ကို ‌ရွေးချယ်မည့်ပုဂ္ဂိုလ်မဟုတ်‌သော ဂုဏ်သ‌ရေရှိ လူကြီးများအား ‌ရွေးချယ် တင်‌မြောက်‌ရေး‌ကော်မရှင်အဖွဲ့၏ သဘာပတိ အဖွဲ့ဝင်များအဖြစ် ‌ရွေးချယ်တာဝန် ‌ပေးရမည်။

(ဂ) ‌ရွေးချယ်တင်‌မြောက်‌ရေး ‌ကော်မရှင်သည် ‌အောက်ပါလုပ်ငန်းများ‌ဆောင်ရွက်ရမည်။

(၁) ‌ရွေးချယ်တင်‌မြှောက်‌ရေး‌ကော်မရှင်အဖွဲ့သည် ‌ရွေးချယ်တင်‌မြောက်ခြင်းဆိုင်ရာကိစ္စ အဝဝတို့ကို စနစ်တကျ ပြီး‌မြောက်‌စေရန် ကြိုတင်စီစဉ်မှုများပြုလုပ်ခြင်း၊

(၂) ဗဟိုအလုပ်မှု‌ဆောင် ‌ရွေးချယ်တင်‌မြှောက်ပွဲ အမည်တင်သွင်းလွှာပုံစံနှင့် အမည် စာရင်းများကို ပြင်ဆင်ခြင်း။

(၃) မဲ‌ပေးနည်းစနစ်များကို ရှင်းလင်းတင်ပြခြင်း၊ ( လျှိုဝှက်/ လက်‌ထောင်/အဆိုတင်-‌ထောက်ခံ )

(၄) ဗဟိုအလုပ်မှု‌ဆောင်များ ‌ရွေးချယ်တင်‌မြှောက်ခြင်း၊ (အစည်းအ‌ဝေးသို့ တတ်‌ရောက် လာ‌သော အသင်းသားများမှ တိုက်ရိုက်‌ရွေးချယ်တင်‌မြှောက်ရမည်။)

(၅) ‌ရွေးချယ်တင်‌မြှောက်ခြင်းခံရ‌သော ဗဟိုအလုပ်မှု‌ဆောင်များ၏ အမည်စာရင်းများကို ‌ကြေငြာခြင်း။