ဖွဲ့စည်းပုံ၊ ဌာနခွဲများ

စီမံခန့်ခွဲ‌ရေးအဖွဲ့

စီမံခန့်ခွဲ‌ရေးအဖွဲ့ကို ဗဟိုအလုပ်အမှု‌ဆောင်များမှ ‌အောက်ပါအတိုင်း ‌ရွေး‌ကောက် တင်‌မြှောက်ဖွဲ့စည်းမည်။ (၁) ဥက္ကဋ္ဌ (၁) ဦး

(၂) ဒုတိယဥက္ကဋ္ဌ (၅) ဦးအထိ

(၃) အတွင်း‌ရေးမှူး (၁) ဦး

(၄) တွဲဖက်အတွင်း‌ရေးမှူး (၃) ဦးအထိ

(၅) ဘဏ္ဍာ‌ရေးမှူး (၁) ဦး

(၆) တွဲဘက်ဘဏ္ဍာ‌ရေးမှူး (၁) ဦး

(၇) စာရင်းစစ် (၁) ဦး

(၈) တွဲဖက်စာရင်းစစ် (၁) ဦး

အလုပ်အမှု‌ဆောင် နှင့် ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့များ‌ရွေးချယ်ခြင်း

(၁) အသင်း၏ အလုပ်အမှု‌ဆောင်အဖွဲ့ကို စက်သုံးဆီတင်သွင်းသူများ အစုအဖွဲ့၊ စက်သုံးဆီသယ်ယူ သို‌လှောင်သူများ အစုအဖွဲ့ နှင့် စက်သုံးဆီဖြန့်ဖြူး ‌ရောင်းချသူများအစုအဖွဲ့တို့မှ အဆိုပြု‌သော ကိုယ်စားလှယ် ( )ဦးအပါအဝင် တိုင်းနှင့်ပြည်နယ်မှ အဆိုပြုလာ‌သော ကိုယ်စားလှယ်များ၊ အထူးပြုကုမ္ဋဏီများမှ ကိုယ်စားလှယ်များနှင့် စက်သုံးဆီတင်သွင်း‌ရောင်းချ ဖြန့်ဖြူး‌ရေးလုပ်ငန်းနှင့် ဆက်စပ်သည့် အခြား‌သော ကိုယ်စားလှယ်များ စုစု‌ပေါင်း (၁ဝဝ)ဦးထက်မပို‌သော အ‌ရေအတွက်အား ‌နောက်ဆက်တွဲ (ခ)ပါ အလုပ်အမှု‌ဆောင် အရည်အချင်းနှင့် တာဝန်သတ်မှတ်ချက်များအတိုင်းဖွဲ့စည်းမည်။

(၂) ဗဟိုအလုပ်အမှု‌ဆောင်များကို အလုပ်အမှု‌ဆောင်များထဲမှ ‌နောက်ဆက်တွဲ(ဂ)ပါ ဗဟိုအလုပ်အမှု‌ဆောင် အရည်အချင်းနှင့် တာဝန်သတ်မှတ်ချက်များအတိုင်း ‌ရွေးချယ်ဖွဲ့စည်းသွားမည်။ ဗဟိုအလုပ်အမှု‌ဆောင်အဖြစ် ပါဝင်‌ဆောင်ရွက်ရန် ဆန္ဒပြုထား‌သော အမည်စာရင်းများကို ‌ရွေးချယ်တင်‌မြှောက်‌ရေး ‌ကော်မရှင်သို့ တင်သွင်း ‌စေပြီး၊ ‌ကော်မရှင်က သတ်မှတ်ထား‌သော လုပ်ထုံးလုပ်နည်းများ‌ဆောင်ရွက်ရမည်။ ‌ရွေးချယ်တင်‌မြှေက်ခြင်း ခံသည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ အသိ‌ပေးတင်ပြရမည်။ အစုအဖွဲ့များနှင့် အမြဲတမ်း‌ကော်မတီများ အသင်း၏ တာဝန်‌ဆောင်ရွက်ရန်အတွက် စက်သုံးဆီတင်သွင်းသူများအစုအဖွဲ့၊ စက်သုံးဆီသယ်ယူ သို‌လှောင်သူများ အစုအဖွဲ့နှင့် စက်သုံးဆီဖြန့်ဖြူး‌ရောင်းချသူများ အစုအဖွဲ့တို့မှ ကဏ္ဍအလိုက် အစုအဖွဲ့များ ဖွဲ့စည်းမည်။ ထို့ပြင် ‌အောက်ပါ အမြဲတမ်း‌ကော်မတီများနှင့် လိုအပ်သည့် လုပ်ငန်းဌာနများကို ဖွဲ့စည်းပြီး လိုအပ်‌သော ကျွမ်းကျင်ဝန်ထမ်းများကို ခန့်ထားရမည်။

(၁) စီမံခန့်ခွဲ‌ရေး‌ကော်မတီ

(၂) ဝယ်ယူတင်သွင်း‌ရေးနှင့် ဖြန့်ဖြူး‌ရေး‌ကော်မတီ

(၃) အသင်းသား‌ရေးရာ‌ကော်မတီ

(၄) သတင်းနှင့် ပြန်ကြား‌ရေး‌ကော်မတီ

(၅) စည်းကမ်းထိန်းသိမ်း‌ရေးနှင့် အငြင်းပွားမှု ‌ဖြေရှင်း‌ရေး‌ကော်မတီ

(၆) သု‌တေသနနှင့် ဖွံ့ဖြိုး‌ရေး ‌ကော်မတီ

(၇) အပြည်ပြည်ဆိုင်ရာ ဆက်သွယ်‌ရေး‌ကော်မတီ

(၈) ဘဏ္ဍာ‌ရေးနှင့် စာရင်းစစ်‌ဆေး‌ရေး‌ကော်မတီ